


ရွှေတွံတေးဆရာတော်သည် ၂၀၁၄ခု ဖေဖော်ဝါရီလတွင် ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းနယ်စပ်ရှိ ရွာဖျက်ဆီးခံရသူများထံသို့  သွားရောက်အားပေး ကူညီခဲ့သည် သမီးကလေး ကျေးရွာမှ မိသားစု ၂၇၅ စုရှိ လူ၆၀၀ခန့် ကိုလည်းကောင်း - ဒေါ်ကာလီရွာနှင့်ဝန်းကျင်၃ရွာမှ မိသားစု၃၀ရှိ လူ၁၀၀ခန့် ကိုလည်းကောင်း တီရှပ်အင်္ကျီနှင့် အလှူငွေများကူညီခဲ့သည်။



ရွှေတွံတေးဆရာတော်က……ရွာသူရွာသားတွေက တပည့်တော်တို့ ဟာ ခိုးဝင်တဲ့ ဘင်္ဂါလီလည်းမဟုတ် - လက်နက်ကိုင် အဖျက်သမားလည်းမဟုတ်ပဲနဲ့  ဘဝဖျက်ခံရတာကို ကယ်ပါဘုရားလို့ လျှောက်ကြတယ် ဘုန်းကြီးက သက်ဆိုင်ရာ အာဏာပိုင်တွေကို ကိုယ်ချင်းစာကြပါ - ဖြစ်သင့်သလောက်လုပ်ပါ ဖြစ်ချင်တာတွေချည်း လျှောက်မလုပ်ကြပါနဲ့  ကိုယ်လုပ်ခဲ့သမျှဟာ တနေ့ နေ့ တော့ ကိုယ်ခံရမှာပဲဆိုတာ မမေ့ကြဖို့ သတိပေးချင်တယ်…… စသဖြင့် မိန် ကြားခဲ့သည်။
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်