ကြံ့ဖွံ့ မတက်တဲ့ မန္တလေး အာဇာနည်နေ့ အစီအစဉ်




၁၃၀၀ ပြည့် အရေးတော်ပုံကြီး အတွင်း  ရဟန်းရှင်လူ အာဇာနည် ၁၇ ဦး ကျဆုံးခြင်း နှစ်ပတ်လည်နေ့ အစီအစဉ်ကို  မန္တလေး တမ္ပဝတီသူဌေးကုန်းရပ်၊ အာဇာနည်ဗိမာန်မှာ ဒီမနက်ကျင်းပပါတယ်။

၇၄ နှစ်မြောက်   အာဇာနည်နေ့  အထိမ်းအမှတ်ကို  မန္တလေးမှာရှိတဲ့ နိုင်ငံရေး၊ လူမှုရေး အသင်း အားလုံးကိုဖိတ်ကြားခဲ့တဲ့အတွက် နိုင်ငံရေးပါတီ ၁၅ ခုက လွမ်းသူ့ ပန်းခွေများ ကိုင်ဆောင်ပြီး တက်ရောက်အလေးပြုခဲ့ ပါတယ်။



မန္တလေး အာဇာနည်နေ့ ပေါ်ပေါက်လာပုံ
ဗြိတိသျှကိုလိုနီခေတ် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး အရှိန်မြင့် နေစဉ် ၁၉၃၉ ခု ဖေဖော်ဝါရီ ၁၀ ရက် (တပို့ တွဲလပြည့်ကျော် ၇ ရက်) မှာ  ဒေသခံ တသိန်းကျော်ခန့် 
ချီတက်ဆန္ဒပြခဲ့ပါတယ်။  ရဲလက်နက်ကိုင်များ ပစ်ခတ်နှိမ်နင်းတဲ့အတွက် သံဃာ ၇ ပါး၊ လူပုဂ္ဂိုလ် ၁၀ ဦး ကျဆုံးခဲ့ရပါတယ်။

ကျဆုးံခဲ့ ကြတဲ့သူတွေကို  မြို့ လူထုက “နေမျိုးမဟာသီရသူရ”ဘွဲ့ အပ်နှင်း၊ ဗိုလ်ဘွဲ့ တပ်ပြီး တမ္ပဝတီသူဌေးကုန်းရပ်မှာ  အာဇာနည်ဗိမာန်ဆောက်၊ ခေတ်အဆက်ဆက်ဂုဏ်ပြုခဲ့ ကြပါတယ်။

သို့သော်လည်း ဗိုလ်ချုပ်ကြီးများရဲ့ အစိုးရ အဆက်ဆက် လက်ထက်မှာ ထိန်းသိမ်းစောင့် ရှောက်မှု ကင်းမဲ့ခဲ့တဲ့အတွက် မန္တလေးမြို့ အာဇာနည်ဗိမာန်က မြို လူထုကြားမှာပင်သိသူနည်းခဲ့ပါတယ်၊
ခြုံနွယ်ပိတ်ပေါင်းများနဲ့ ပြည့်နှက်ခဲ့ပါတယ်။ 

အခုတော့  အာဇာနည်ဗိမာန်ထိန်းသိမ်းစောင့် ရှောက်ရေး ယာယီ ကော်မတီကို ဖွဲ့ စည်းပြီး အရှည်သဖြင့် တည်တံ့ အောင် ထိန်းသိမ်းစောင့် ရှောက်သွားမယ်လို့ သိရပါတယ်။

ပြည်တွင်း ခရီးသွားတွေ မန္တလေးရောက်ရင် လေ့လာ လည်ပတ်ကြမယ့်  နေရာတခု ဖြစ်လာလိမ့်မယ်လို့ ယူဆရပါတယ်။

ဂါရ၀မပြုတဲ့ကြံ့ခိုင်ရေးပါတီ
ဒီနေ့ အထိမ်းအမှတ် အစီအစဉ်ကို  ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တက်ရောက်ခဲ့ ခြင်းမရှိပါ။
အာဏာရပါတီ တက်ရောက်ဖို့ ပျက်ကွက်တဲ့ အကြောင်းရင်းက ဘာကြောင့်လဲ။
ပါတီကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ အာဏာရခဲ့စဉ် လျစ်လျူရှုခဲ့တဲ့ဒေသ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ အလေးထားတဲ့ ဒေသဖြစ်တဲ့အတွက် ရှောင်ရှားတာလည်း ဖြစ်နိုင်ပါ။

ဖိတ်စာ အချိန်မီ မရတဲ့အတွက်၊ သို့မဟုတ် လုံးဝ မရတဲ့အတွက်၊ သို့မဟုတ် တက်ရောက်ရေး မတက်ရောက်ရေး ဆုံးဖြတ်ချက် မချကြရသေးလို့လည်း ဖြစ်နိုင်ပါတယ်။

ဒီနှစ် အစီအစဉ် မတက်ရောက်နိုင်ပေမယ့်လည်း ၂၀၁၅ ရွေးကောက်ပွဲ နီးရင်တော့ မပျက်မကွက် 

တက်ရောက်ဖွယ် ရှိပါတယ်။
အထိမ်းအမှတ် လက်ကမ်းစာစောင်ကို စိတ်ဝင်တစား ဖတ်ရှုနေသော အမျိုးသမီးကြီးတဦး
ချမ်းမြသုခ ပရဟိတ လူမှုကူညီရေးအသင်း   
          ဒီမိုကရက်တစ်ပါတီ (မြန်မာ)
  
            အမျိုးသားဒီမိုကရစီအဖွဲ့ ချုပ်              အာဇာနည်ဗိမာန်အထိမ်းအမှတ် ကျောက်စာများ၊ ဓာတ်ပုံများကို လေ့လာနေတဲ့ ပရိသတ်  









ဧရာဝတီမှ ကူးယူဖော်ပြသည်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes