၂၀၁၃ ဇန္န၀ါရီ ၁၃ ရက်နေ့ ကရန်ကုန် ကော့မှူးမြို့ နယ် ပိန္နဲကုန်းရှိ ပရိယတ္တိ ပညာရေးဖောင်ဒေးရှင်း၏ အတိုးမဲ့ချေးငွေပွဲသို့ ရွှေတွံတေးဆရာတော် ကြွရောက်ပြီးထောက်ပံ့ငွေများပေးအပ်သည်။ ထို ဖောင်ဒေးရှင်းသည် ၄လတကြိမ် ချေးငွေထုတ်ပေးခဲ့ရာ ပထမအကြိမ်တွင် ၃၂ ဦး ဒုတိယအကြိမ်တွင် ၄၆ ဦး တတိယအကြိမ်တွင် ၁၄၂ ဦးနှင့်ယခုစတုတ္ထအကြိမ်တွင် ၁၄၀ ဦးအတွက်ငွေချေးခဲ့သည်။ ချေးငှါးသူတို့ ကို ၁လ လျှင် ၃% လှူဒါန်းစေပြီး- ၁%ကို ပရိယတ္တိ ၀န်ထမ်း ကိုရင်များအတွက် - ၁% ကိုပညာရည်ချွန်ကျောင်းသားများအတွက်နှင့်- ၁% ဖောင်ဒေးရှင်းရံပုံငွေအဖြစ်သုံးစွဲသြည်။ ရွှေတွံတေးဆရာတော်က... ” မြန်မာနိုင်ငံသား တိုင်းရင်းသားတွေဟာ ဘယ်လောက်ပဲဆင်းရဲကြပ်တည်းပါစေ အလှူဒါနတော့ပြုကြတာပဲ ကောင်းပါတယ် အတိုးကြီးနဲ့ ငွေချေးမယ့်အစား အခုလိုယူပြီး ဒါနစိတ်နဲ့  ပရိယတ္တိအလှူ -ပညာရေးအလှူ အတွက်ဝိုင်းဝန်းကြိုးစားပေးကြတာကောင်းပါတယ် ကိုယ့်ရွာကိုယ့်ဒေသ ကောင်းစားရေးအတွက်ပဲ ကိုယ့်အခက်အခဲကိုယာယီဖြေရှင်းနိုင်သလို အခြားခက်ခဲသူတွေကိုငဲ့ပြီး ကိုယ်ချင်းစာစိတ်နဲ့  မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ဖို့ မေတ္တာရပ်ခံပါတယ် ....”စသဖြင့်သြ၀ါဒပေးခဲ့ပြီး အမှတ်တရ တီရှပ်များလည်း ဝေငှပေးခဲ့ပါသည်။









Posted in: