ဘုန်းတော်ကြီး တာ့ဟန်တပ်ကူက ရွှေတိဂုံဘုရားသို့ ကမ္ဘာ့ ငြိမ်းချမ်းရေးခေါင်းလောင်းကြီးကို ၉. ၂. ၂၀၁၃ နေ့ တွင်လှူဒါန်းခဲ့သည်/အလှူပွဲကို ရွှေတိဂုံအနောက်ဘက်မုခ်တွင်ကျင်းပရာ နိုင်ငံတော် သြ၀ါဒါစရိယ ဆရာတော်ကြီးများ - နိုင်ငံတော် ဥက္ကဌ ဗန်းမော် ဆရာတော်ကြီးနှင့် ဆရာတော်များကြွရောက်ခဲ့ကြသည်။
ကမ္ဘာ့ ငြိမ်းချမ်းရေးခေါင်းလောင်းတော်ကြီးသည် တန်ဘိုးငွေ ကျပ်သိန်း ၂,၀၀၀ ကျော်ရှိပြီး ကမ္ဘာအနှံ့ နေရာ ၄၀ ကျော်တွင်အသီးသီး လှူဒါန်းပြီးဖြစ်သည်။နိုင်ငံခြားတွင် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး ၁ခါတီးခတ်လျှင် ၄-၅ မိနစ်ခန့်  အသံသာသာဆက်တိုက်မြည်နေတတ်သဖြင့် ထူးခြားကြည်ညိုဖွယ်ဖြစ်၏ ။ ရွှေတွံတေးဆရာတော်က ....... အခုလို ကမ္ဘာ့ ငြိမ်းချမ်းရေးခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရားကြီးမှာ လှူဒါန်းတာအလွန်ကောင်းပါတယ် ငြိမ်းချမ်းရေးခေါင်းလောင်းသံတွေ မပြတ်မြည်နေနိုင်ပါစေ မြန်မာပြည်ကြီးလည်း ငြိမ်းချမ်းပါစေ ကမ္ဘာကြီးလည်းငြိမ်းချမ်းပါစေလို့  ဆန္ဒပြုပါတယ်.... ဟုပြောကြားခဲ့သည်။









Posted in: