မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ရဲ့ ပထမဦးဆုံး ဥရောပခရီးစဉ်စတင်ခဲ့ပြီး ပထမဦးဆုံးအနေနဲ့ နော်ဝေးနိုင်ငံ အော်စလိုမြို့ကိုမနေ့ကရောက်ရှိ နေပြီး နော်ဝေရောက် မြန် မာမိသားစု တွေနဲ့တွေ့ဆုံမယ် လို့ သိရ ပါတယ်။
သမ္မတဦးသန်းစိန်အနေနဲ့ စကန်ဒီနေးဗီးယန်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံမှာ သုံးရက်ကြာ လည်ပတ်မှာဖြစ်ပြီး ဖင်န်လန်၊ သြစတြီး ယား၊ ဘယ်လဂျီယံနဲ့ အီတလီနိုင်ငံတွေ ကိုပါ သွားရောက် လည်ပတ် မှာ ဖြစ်တယ်လို့ သိရပါတယ်။
နော်ဝေနိုင်ငံမှာ ရောက်ရှိနေစဉ် အတွင်း သမ္မတ ဦးသိန်းစိန်အနေနဲ့ နော်ဝေနိုင်ငံ ဝန် ကြီး ချုပ် နဲ့ နိုင်ငံခြားရေး ဝန် ကြီး တို့ ကို တွေ့ ဆုံ မှာ ဖြစ် သ လို နော် ဝေ ရောက် မြန်မာ မိသားစု တွေနဲ့လည်း တွေ့ဆုံမှာဖြစ်တဲ့ အကြောင်း သိရပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ နော်ဝေအစိုးရ ထိပ်သီးခေါင်းဆောင်တွေအကြား အနာဂတ် ဒီမိုကရေစီရေးရာ ပြုပြင်ပြောင်းလဲမှု ဆိုင်ရာတွေ၊ ဖွံ့ဖြိုးတိုး တက်မှု အထောက်အကူ ဆိုင်ရာတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးရာ ပူးပေါင်းလုပ်ဆောင်မှု ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး သွားမှာ ဖြစ်ပေမယ့် သဘောတူညီချက် စာချုပ်ချုပ်ဖို့ အစီအစဉ် မရှိသေးတဲ့အကြောင်း နော်ဝေနိုင်ငံခြားရေးဌာက ပြောခွင့်ရပုဂ္ဂိုလ်က ထုတ် ဖေါ်ပြောဆိုထားပါတယ်။
သမ္မတ ဦးသိန်းစိန်အနေနဲ့ နော်ဝေနိုင်ငံအခြေစိုက် မြန်မာသတင်းဌာန တစ်ခုဖြစ်တဲ့ DVB ဒီမိုကရက်တစ်မြန်မာ့အသံ နဲ့ အမေးအဖြေလုပ် သွားဖို့အလားအလာရှိတဲ့အတွက် အထင်ကရ ထူးခြားဖြစ်စဉ် တစ်ခု ဖြစ်တဲ့အကြောင်း အေဖက်ပီ သတင်းဌာနက ဖေါ်ပြထားပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ခရီးစဉ်အတွင်း ဥရောပသမဂ္ဂဥက္ကဌနဲ့လည်း တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ ဥရောပသမဂ္ဂအဖွဲ့က ထုတ်ပြန်ထား ပါ တယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်ဟာ မတ်လ ၈ ရက်နေ့မှာအဆုံးသတ်မှာဖြစ်ပြီး မြန်မာနိုင်ငံကို တိုက်ရိုက် ပြန်လာမှာဖြစ်တယ်လို့ သိရပါ တယ်။










Posted in: