အမရပူရမြို့ လင်းဇင်းကုန်းသုသာန်ရှိ ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူးဝါး (ခ) မင်းသားကြီး ဥတွန်ပုံ၏ အုတ်ဂူ ဟုတ်၊ မဟုတ် စစ်ဆေးမယ့် ထိုင်းနိုင်ငံသားများ အဖွဲ့ဟာ မနေ့က သံဃာတော်များကို လင်းဇင်းကုန်း သုသာန်သို့ ပင့်ဖိတ်ပြီး သင်္ဃန်းများ နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ ကြပြီး တူးဖော်ရေး လုပ်ငန်းများ စတင်ခဲ့ ကြပါတယ်။
သံဃာတော်များကလည်း ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ကြပါတယ်။ ထိုင်း လူမျိုးတချို့ က
တော့ ပရိတ်ရေများကို ထိုင်းဘုရင်အုတ်ဂူနေရာမှာ သွန်းလောင်းပြီး ဘုရင်မင်းမြတ်အတွက် ဆုတောင်းခဲ့ ကြပါတယ်။














Posted in: