Posted in: သတင်းများမြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲတစ်ရပ်ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း
အခုလာမယ့် မေလမှာဆို အရေးကြီးတဲ့ကိစ္စတစ်ခုဟာ တရုတ်ပြည်ရဲ့ ပထဝီဝင်အနေအထားကို ထူးခြားမှုတစ်ခုခု ဖြစ်စေပါတော့မယ်။ ကမ္ဘာ့ တိုက်ကြီးတစ်ခုစာပမာဏရှိတဲ့ တရုတ်ပြည်ဟာ ၎င်းရဲ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းမြို့တွေမှာ အခြေ စိုက် ဖေါ်ဆောင်လာခဲ့ရာမှ နိုင်ငံရဲ့ မြောက်ဘက်ကို အခြေချပါတော့မယ်။ အရှည်အားဖြင့် ကီလိုမီတာ ၈၀၀ ရှည်တဲ့ တရုတ်-မြန်မာ ရေနံနဲ့ ဓါတ်ငွေ့ ပိုက် လိုင်းဟာ တရုတ်ပြည်ရဲ့ အနောက် ဘက်ပိုင်း ယူနန်ပြည်နယ် မြို့တော်ကူမင်းကို မြန်မာမှတဆင့် ဘင်္ဂလားပင်လယ်အော်အထိ သွယ်တန်းကာ တည်ရှိလာတော့မယ်ဖြစ်ပါတယ်။ နောက်နှစ်ဆိုရင်တော့ ဓါတ်ငွေ့  ပိုက်လိုင်းအပြင် ရေနံပိုက်လိုင်းကလည်း အဲဒီလမ်း ကြောင်းအတိုင်း စတင်ဖွင့်လှစ်ပြီး ရေနံတွေ ပို့ လွှတ်ပါတော့မယ်။ ပိုက်လိုင်းတွေနဲ့အတူ ကားလမ်းနဲ့ ရထားလမ်းတွေကလည်း လိုက်လာပါ တော့မယ်။ ဆက်ဖတ်ရန်ပုံကိုကလစ်ပေးပါဗျာ









